ခရီးဆောင်အိတ်နဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အရာလေးများ
ကျွန်မတို့ Tori Travel မှ လူကြီးမင်းတို့လေယာဉ်ဖြင့် ခရီးသွားတဲ့အခါမှာ ခရီးဆောင်အိတ်နဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်ရှင်
ပထမဆုံး Hand Carry Baggage နဲ့ ပတ်သက်တာလေးပြောပြချင်ပါတယ်
- Hand Carry Baggage Size ဟာ Height -55cm / 22’’ ,Width -40cm/16’’ ,Depth – 23cm / 9’’ , Weight – 7kg/17lbs စတဲ့အရွယ်အစားတွေ ထက်မပိုတဲဲ့ Baggage ဖြစ်ရပါမယ်
- Hand Carry Baggage ထဲတွင် Power Bank, Laptop , Battery Charger စတဲ့ အရာတွေ ကို ထည့်ယူသွားသင့်ပါတယ်
- နေ့စဥ်သောက်သုံးနေသော ဆေးဝါးများ
- တစ်ကိုယ်ရေသုံး ပစ္စည်းများကိုထည့်ယူသွားသင့်ပါတယ်
- ချွန်ထက်သော အရာများကို Hand Carry အိတ်ထဲယူသွားလို့မရပါဘူး (ဥပမာ- ဓား ၊ကတ်ကြေး ၊ သံချောင်း စတာတွေပါ)
- အရည်များကို ယူသွားမည်ဆိုပါက ဘူးတစ်ခုစီတွင် 100 ML ထက်မပိုအောင် ထည့်၍ ယူသွားရပါမယ်
- လူကြီးမင်းတို့အတွက် အရေးကြီးသော အရာများ၊
အရေးကြီးစာရွက်စာတမ်းများ ၊တန်ဖိုးကြီးသောအရာများကို မိမိနှင့် တပါးတည်းယူသွားသင့်ပါတယ်
နောက်တစ်ခုကတော့ Check-in Baggage ပါ
- အချို့သော လေကြောင်းလိုင်းများမှာ အိတ် တစ်လုံး ကို 30 kg အထိ ရသော်လဲ အချို့သော လေကြောင်းလိုင်းများ ကတော့ 20 kg , 23 kg , 25 kg စသဖြင့် ရှိတတ်ကြပါတယ်။
Business Class,Economy Class စသဖြင့် ကွဲပြား၍ သယ်ဆောင်နိုင်သော Kiloအပြောင်းအလဲရှိနိုင်ပါတယ်ရှင်။ - Phone ,Power Bank, Laptop , Battery Chargerတဲ့ အရာများ ကိုလည်း Check-in Baggage ထဲ မထည့်သင့်ပါဘူး။
- အရည်များကို 100 ML ထက် ပို၍ ယူသွားချင်ပါက Check-in Baggage ထဲသို့ထည့်၍ ယူသွားရပါမယ်။
- လူကြီးမင်းတို့အတွက် အရေးကြီးသော အရာများ ၊ အရေးကြီး စာရွက် စာတမ်းများ ၊ တန်းဖိုးကြီးသောအရာများကို Check-in Baggage ထဲ မထည့်သင့်ပါဘူးရှင်။
- ဒါလေးတွေ ကတော့ Hand Carry Baggage နဲ့ Check-in Baggage အတွက် အခြေခံ ဆောင်ရန်ရှောင်ရန် လေးတွေပဲဖြစ်ပါတယ်ရှင်။
အချိန်ယူဖတ်ရှုပေးကြတဲ့ အတွက် Tori Travel မှ အထူးကျေးဇူး တင်ရှိပါတယ်ရှင်။