Baggage Tag က ဘာလဲ
ဆိုတာကို အရင်ဆုံး ပြောပြပေးမယ်နော်!
ခရီးသွားဧည့်သည်တို့ ရဲ့
အိတ်ကို လုံခြုံစိတ်ချစွာနဲ့ ခရီးအဆုံးထိ သယ်ဆောင်ပေးနိုင်အောင် ခွဲခြားလို့ရမယ့် ချိတ်ဆွဲထားတဲ့ အညွှန်းစာရွက်လေးကို ခေါ်တာပါ…
အဲ့ဒီ Tag တွေထဲမှာ ဥပမာ
လေယာဉ်ခရီးစဉ်နံပါတ်၊
ဆိုက်ရောက်မယ့် လေဆိပ်စတာတွေ ပါဝင်ပါတယ်.
လေဆိပ်ရဲ့ Check in Counter ရောက်တာနဲ့ ဝန်ထမ်းတွေက ဧည့်သည်တော်တို့ရဲ့ အိတ်မှာ Baggage Tag ကပ်ပေးပြီး ဧည့်သည်များကိုလည်း ပုံစံတူ baggage tag ပေးမှာဖြစ်ပါတယ်…
နောက်ပိုင်းတွေမှာလည်း လေကြောင်းခရီးသွားတဲ့အခါ ဧည့်သည်တော်တို့အတွက် ဆောင်ရန် ရှောင်ရန် လေးတွေကို ဗဟုသုတဖြစ်စရာ ပြောပြပေးသွားဦးမှာမို့လို့ Tori Travel Page ကို “Like” and“ Follow” လုပ်ဖို့ မမေ့ပါနဲ့နော်…
