Hand Carry & Checked baggage ဘာကွာလဲ? 🧳🛅

ပြည်တွင်းပဲသွားသွား ပြည်ပပဲသွားသွား ဧည့်သည်တော်တို့သွားရောက်တဲ့ ခရီးစဥ်တိုင်းမှာ အထုတ်အပိုး ပစ္စည်းတွေကတော့ အမြဲပါစမြဲပဲပေါ့ …

ဒါပေမယ့် ဧည့်သည်အများစု ရောထွေးနေကြတဲ့ Hand carry နဲ့ Checked Baggage ဘာတွေကွာခြားချက်ရှိလဲ? ဘယ်လိုမျိုးတွေသတိထားရမလဲ ? ဆိုတာကို ခရီးသွားဧည့်သည်တော်တို့ ရှင်းရှင်းလင်းလင်းသိရပြီး အခက်အခဲမရှိအောင် Knowledge Sharing အနေနဲ့ Tori ကနေ ပြောပြပေးမယ်နော် ….

🧳🛅 ပထမဦးဆုံးအနေနဲ့ Hand Carry… ( Hand Bag/ Cabin Baggage) လို့လဲခေါ်ကြပါတယ်

✅သူကတော့ လေယာဥ်ပေါ်ကို ယူသွားလို့ရပါတယ် ၊ ထိုင်ခုံအောက် (သို့) အပေါ်က Cabinထဲ ထည့်ထားလို့ရပါတယ် ။
✅ပုံမှန်အားဖြင့် တစ်ဦးကို (7 to 10) kg သယ်ခွင့်ရပေမယ့် လေကြောင်းလိုင်းနဲ့ ခရီးစဥ်ပေါ် မူတည်ပြီး ကွာခြားမှုတော့ရှိနိုင်ပါတယ် ။
✅တန်ဖိုးကြီးပစ္စည်း ၊ အရေးကြီး Documents တွေ ၊ တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ၊ နေ့စဥ်သောက်သုံးနေသော ဆေးဝါးတွေ လိုအပ်တဲ့အချိန်မှာ အဆင်သင့်ယူလို့ရအောင် လေယာဉ်ပေါ်သယ်ဆောင်လို့ရတဲ့ Hand Carry အမျိုးအစားပါ ။ ကိုယ့်အတွက် အရေးတကြီးလိုလောက်မယ့် ပစ္စည်းတွေကို Hand Carry ထဲ ထည့်သယ်သင့်ပါတယ် ။
✅100ml ထပ်ပိုသော gel, liquid အရည်များနဲ့ ၊ 10000 mah ထပ်ကျော်လွန်သော Power Bank တွေ သယ်လို့မရပါဘူးရှင် ။
✅အန္တရာယ်ရှိတဲ့ ပစ္စည်းတွေဖြစ်တဲ့ ဓား၊ ဓာတ်ခဲ၊ ကတ်ကြေး၊ လက်သည်းညှပ်၊ မီးခြစ်စတာတွေ မထည့်သွားဖို့ကိုလဲ သတိထားရပါမယ်ရှင် ။
✅အနံ့ထွက်စေတဲ့ အစားအသောက်များကိုလဲ Hand carry ထဲတွင်ထည့်သွားလို့မရတာကြောင့် ဂရုစိုက်ဖို့လိုအပ်မယ်နော် ။

🧳🛅 ဒုတိယအနေနဲ့ Checked Baggage (Check In Luggage )
✅လေယာဥ်မစီးခင် Airline check in counter မှာ Boarding Pass ထုတ်ရင်း အပ်ရမယ့် Luggage ကို Checked Baggage လို့ခေါ်ပါတယ် ။ သူကတော့ လေယာဥ်အောက်ဝမ်းဗိုက်ထဲမှာ ထည့်ထားရမှာဖြစ်ပါတယ် ။
✅အဝတ်အစားတွေ ၊ Lotions ဘူး ၊ Shoes ၊ 100 ML ကျော်တဲ့ အရည်ပုလင်းတွေ ၊ Skincare ဘူးတွေ ၊ Hand carry ထဲ ထည့်လို့ရတဲ့ ပမာဏထက် ပိုများတာတွေ ထည့်လို့ရပါတယ် ။ ဒါပေမယ့် တန်ဖိုးကြီးပစ္စည်းတွေ၊ အရေးကြီး Documents တွေ ၊ Electronic Device အချို့နဲ့ ကွဲလွယ်တဲ့ပစ္စည်းတွေတော့ မထည့်သင့်ပါဘူးရှင် ။
✅လေကြောင်းလိုင်းနဲ့ လေယာဥ်လက်မှတ် အမျိုးအစားပေါ် မူတည်ပြီး သယ်ဆောင်နိုင်တဲ့ ပမာဏ 23 kg to 40 kg စသဖြင့် ကွာခြားမှုရှိတဲ့အပြင် လေကြောင်းလိုင်းပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့အလေးချိန်၊ အိတ်အရေအတွက် စသဖြင့်မတူညီတာကြောင့် Airlines ရဲ့ Baggage Allowance ကို ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

အခုပြောပြသွားတဲ့ အချက်လေးတွေထဲက အချို့ကတော့ လေကြောင်းလိုင်းနဲ့ ဧည့်သည်တော်တို့သွားရောက်မယ့် ခရီးစဥ်ပေါ်မူတည်ပြီး ကွာခြားချက်လေးတွေတော့ ရှိနိုင်ပါတယ်ရှင် ။