ဗီဇာသက်တမ်းနှင့် နေထိုင်ခွင့်ဆိုတာ
ဗီဇာလိုအပ်တဲ့နိူင်ငံတွေကို သွားရောက်ဖို့၊ visa free ရတဲ့ ရက်ထက်ပိုပြီး နေဖို့ ၊ ရက်ရှည်သင်တန်းတတ်ဖို့ အစရှိသည်ဖြင့် ပြည်ပနိုင်ငံတွေကို သွားရောက်ဖို့ visa တွေ လျှောက်ထားကြပါတယ်.
visa approved ရတဲ့အခါ နိူင်ငံအလိုက် ဗီဇာသက်တမ်းတွေ ရှိတတ်ကြပါတယ်.
visa page မှာဆိုရင် မိမိလျှောက်ထားလိုက်တဲ့နိုင်ငံကို စတင်သွားရောက်လို့ ရတဲ့ရက်ကို “valid from“ ဆိုပြီး ဖော်ပြတတ်ပါတယ်. အဲ့ဖော်ပြပါရက်ကနေစပြီး သွားရောက်နိုင်မှာဖြစ်ပါတယ်.
“valid until” ဆိုပြီး ဖော်ပြထားတဲ့ ရက်မတိုင်ခင်တော့ မိမိသွားမယ့် နိုင်ငံကို သွားရောက်ဖို့လို့ပါတယ်.
နေထိုင်ခွင့်ကာလ stay period ကတော့ သွားရောက်မယ့် နိုင်ငံအလိုက် နေထိုင်ခွင့်ရတဲ့ ရက်ပေါင်းမတူပါဘူး. မိမိစတင်ပြီး ရောက်ရှိတဲ့နေ့ကနေစပြီး တွက်တာ ဖြစ်ပါတယ် .
ဥပမာ အနေနဲ့ ထိုင်းနိုင်ငံ Tourist Visa လျှောက်ရင် Visa သက်တမ်း ရက် (၉၀) ရပြီး နေထိုင်ခွင့်ကာလကတော့ ရက် (၆၀) ရရှိတာ ဖြစ်ပါတယ်.
ဆိုတော့ visa ရလာပြီဆိုရင် valid from, valid until စတဲ့ date တွေကို သေချာ စစ်ဆေးဖို့ လိုအပ်ကြောင်း ဝေမျှပေးလိုက်ပါတယ်ရှင် ..