fbpx

 Visa လျှောက်တိုင်း Approved ရမှာလား?🤔

ဗီဇာဆိုတာ ဝယ်လို့ရတာလား? ဗီဇာလျှောက်တိုင်း Approve ရမှာလား? Reject ဖြစ်ရင် ဘယ်လိုလုပ်ရမလဲ ထပ်လျှောက်လို့မရတော့ဘူးလားဆိုတဲ့ မေးခွန်းတွေအတွက် ဒီနေ့ မင်မင်က ဖြေပေးမယ်နော်…😉

  • ဗီဇာဆိုတာ ဝယ်လို့ရတာလား? ဆိုတဲ့မေးခွန်းကနေ စဖြေပေးမယ်နော်

ဗီဇာဆိုတာ ဝယ်လို့မရပါဘူးနော် သွားရောက်မယ့်နိုင်ငံပေါ်မူတည်ပြီး သက်ဆိုင်ရာသံရုံး   (သို့) website တွေကနေတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်

  • ပြည်ပနိုင်ငံဗီဇာတွေလျှောက်ထားတဲ့အခါ Approve အမြဲရတာလား?
 ဗီဇာလျှောက်ထားရင် approve/success ဖြစ်တာရှိသလို တစ်ခါတစ်လေမှာ ဗီဇာ reject  ဖြစ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်
 
  • ဗီဇာ Reject ဘယ်လိုအခြေနေတွေမျိုးမှာဖြစ်တတ်လဲ?
Reject ဖြစ်တယ်ဆိုတာ လျှောက်ထားချိန်တွင် စာရွက်စာတမ်းစုံလင်မှုမရှိခြင်း၊ အမှားယွင်းပါနေခြင်း၊ လိုအပ်တဲ့စာရွက်စာတမ်းများကို လုံလုံလောက်လောက်မပြနိုင်ခြင်း စတဲ့အချက်တွေကြောင့် ဖြစ်တတ်သလို သံရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ငြင်းပယ်ခံရတာမျိုးတွေလည်းရှိတတ်ပါတယ်…
 
  • ဗီဇာ Reject ဖြစ်သွားလို့ ပြန်လျှောက်မယ်ဆိုရင် ဘယ်နှစ်လနေမှ ပြန်လျှောက်လို့ရမှာလဲ?
Korea, Japan Visit Visa တွေဆို reject ဖြစ်ပြီးရင် အနည်းဆုံး (၆)လ နေမှပြန်လျှောက်ထားလို့ရမှာဖြစ်ပြီး
China, Hong Kong, Taiwan Visit Visa တွေဆို Reject ဖြစ်ပြီး ရက်အနည်းငယ်အတွင်း ပြန်လည်လျှောက်ထားလို့ရပါတယ်
Malaysia Visit Visa ဆို reject ဖြစ်ပြီးရင် အနည်းဆုံး (၃) လ နေတာနဲ့ပြန်လည်လျှောက်ထားလို့ရပါတယ်
 
နိုင်ငံကြီးဗီဇာများဖြစ်တဲ့ UK, Canada, Australia, Schengen နိုင်ငံအများစုကတော့ reject ဖြစ်သွားခဲ့ပါက reject ဖြစ်ရတဲ့အကြောင်းရင်းကို သံရုံးဖက်မှ ပြန်ပြောပြပေးတာမလို့ စောင့်ဆိုင်းစရာမလိုပဲ ပြန်လည်လျှောက်ထားနိုင်မှာဖြစ်ပါတယ်
 

ဒီအချက်လေးတွေကတော့ ဗီဇာလျှောက်ထားရာတွင် သိထားသင့်တာလေးတွေနဲ့ သံရုံးဖက်မှ ပြန်လည်သိရတဲ့ info လေးတွေကို ပြန်လည်မျှဝေပေးလိုက်တာပါနော်…

နိုင်ငံတကာဗီဇာတွေကိုလျှောက်ထားဖို့ စဉ်းစားနေပြီဆိုရင်တော့ Visa Department:09 7777 041 77 ကို အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါပြီ