Long Haul flights တွေ စီးနင်းသော အခါ .. ဒီနေ့မှာတော့ စီးနင်းချိန်ကြာမြင့်တဲ့ လေကြောင်းခရီးတွေ၊ နိုင်ငံအဆင့်ဆင့်စီးရတဲ့ ခရီးစဉ်တွေအတွက် သတိထားသင့်တဲ့ အချက်လေးတချို့ကို ပြောပြပေးသွားမယ်နော်.Baggage check through ရ မရ သေချာစစ်နော်. Direct flight မဟုတ်ပဲ Transit နဲ့ သွားရတဲ့ ခရီးစဉ်တွေမှာ check baggage ဟာ check through ရ မရ သေချာအောင် check-in counter မှာထဲက သေချာ စစ်ဆေးမေးမြန်းသင့်ပါတယ်. Check your flight terminal နိုင်ငံတကာ International airport တွေဟာ မတူညီတဲ့ Terminal များစွာရှိတာမို့ Transit flight တွေ စီးရမယ်ဆို တူညီတဲ့ Terminal ကနေပဲ စီးရမှာလား.ပြောင်းစီးရမှာလားဆိုတာ လေယာဉ်လက်မှတ်/ boarding pass မှာထဲက သေချာစစ်ဆေးဖို့ လိုမယ်နော်. Transit Hour လုံလောက်ရဲ့လား ဒါကတော့ လေယာဉ်လက်မှတ် မဝယ်ခင်ထဲက စစ်ဆေးသင့်တဲ့ အရာတစ်ခုပါ. Transit တစ်ခုနဲ့ တစ်ခုကြားမှာ လုံလောက်တဲ့ အချိန်ရှိဖို့ လိုပါတယ်. Terminal ပြောင်းတာပဲ ဖြစ်ဖြစ်၊ arrival to departure boarding gate ပြောင်းတာပဲ ဖြစ်ဖြစ် အနည်းဆုံး (၁) နာရီ ခွဲ ၊ (၂)နာရီ နီးပါးလောက် ရှိဖို့ လိုအပ်ပါတယ်. Transit visa လို မလို စစ်နော် Baggage Check through မရတဲ့ Transit ခရီးစဉ်မျိုးဆိုရင် Transit လုပ်မယ့် နိုင်ငံမှာ baggage ထုတ်၊ check in ပြန်ဝင်ရပါတယ်. အဲ့အခါကျ အဲ့နိုင်ငံဟာ မြန်မာနိုင်ငံသားတွေအတွက် transit visa လို မလို စစ်ဆေးဖို့/ လိုရင် ကြိုလျှောက်သွားဖို့ လိုအပ်ပါတယ်နော်. Travel Pillow လေးလည်း ယူသွားနော်.Long Haul flights တွေ စီးနင်းတဲ့အခါ flight ပေါ်မှာ အနားယူ အိပ်စက်တဲ့အခါ သက်တောင့်သက်သာရှိစေဖို့အတွက် Travel Pillow လေးတွေလည်း ဆောင်သွားသင့်တယ်ဆိုတာ အကြံပြုလိုက်ပါတယ်နော်. +951 8380211 +959 77777 2566 info@toritravel.com Yangon Office about tori About us Ti Ti Story Travel Knowledge services Domestic Flight Tickets International Flight Tickets Tour Packages Hotel Visa Service Travel Insurance Express Bus Tickets Train Tickets Stay in Touch ! Name Email Phone subscribe