Air ticket မှာပါတဲ့ No Show Fees ဆိုတာ
ဒီတစ်ပါတ်မှ တော့ မင်မင်က Knowledge sharing အနေနဲ့ Air ticket တွေမေးတဲ့အခါမှာ သတိထားရမယ့် No Shows Fees အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် .
လေယာဉ်လက်မှတ်လေးဖြတ်ပြီးပြီဆိုရင် အကြောင်းတစ်ခုခုကြောင့် Date Change ချင်တာပဲဖြစ်ဖြစ် Cancel လုပ်တာပဲဖြစ်ဖြစ် Date Change Fees, Cancellation Fees တွေအပြင် No Show Fees လေးပါပေးရတာမျိုးရှိတတ်ပါတယ် .
Date Change နှင့် Cancel လုပ်မယ်ဆိုရင် No Show Fees မထိစေဖို့အတွက် Travel date မတိုင်ခင် အနည်းဆုံး (၄၈) နာရီ ခွာပြီးပြုလုပ်ပေးရပါမယ်.
သတ်မှတ်ထားတဲ့ အချိန်တွင်းကိုကျော်လွန်သွားတယ်ဆိုရင်တော့ မိမိဝယ်ယူထားတဲ့ Airline ပေါ်မူတည်ပြီး No Show Fees လေးတွေကိုပေးဆောင်ရမှာဖြစ်ပါတယ်.
အကြောင်းအမျိုးမျိုးကြောင့် မိမိဝယ်ယူထားတဲ့ Air Ticket လေးတွေကို Cancel လုပ်မယ်ဆိုရင် No Show မထိခင်ကြိုတင်ပြုလုပ်ထားဖို့ အကြံပြုချင်ပါတယ်နော်.