fbpx
📝Checklist before you FLY
 
🤗ခရီးတစ်ခုသွားတော့မယ်ဆိုရင် လူမမေ့ရုံတစ်မယ် အကုန်မေ့တတ်သူတွေအတွက် ပြည်တွင်းပဲသွားသွား၊ ပြည်ပပဲသွားသွား မိမိပြင်ဆင်သွားရမယ့် အရာတွေ၊ ယူသွားရမယ့်ပစ္စည်းတွေ၊ လိုအပ်တဲ့အချက်လက်တွေကို မင်မင်က List လေးလုပ်ပေးလိုက်ပါတယ်နော်
 
ခရီးသွားမယ်ဆိုရင် မဖြစ်မနေလိုအပ်တဲ့ Passport, NRC, Covid certificate, Air ticket စတာတွေယူသွားဖို့လိုအပ်ပါတယ်
 
ပြီးရင်တော့ ကိုယ်သွားမယ့်နိုင်ငံပေါ်မူတည်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးရပါမယ်။
 
ဝယ်ယူထားတဲ့ Air ticket, Hotel Booking, Visa လိုတဲ့နိုင်ငံကိုသွားရောက်ဖို့ဆိုရင် Visa နှင့် Registration form တွေ (ဥပမာ – Taiwan Registration form) ကိုလဲ Color Print လေးထုတ်သွားဖို့တော့လိုပါမယ်
 
Air ticket မှ အချက်အလက်တွေ (ဥပမာ – နာမည်, date, time, sector, baggage allowance, etc) ပြန်လည်စစ်ဆေးဖို့လဲ မမေ့နဲ့နော်။ Long Haul စီးမယ့်သူတွေအနေနဲ့ Transit စီးရမယ်ဆိုရင်လဲ Luggage check through ရမရ, transit time မှီမမှီ စစ်ဆေးဖို့လိုအပ်ပါတယ်
 
ပြည်တွင်းခရီးသွားမည့်သူများအနေနှင့် လေယာဉ်ချိန်မတိုင်ခင် Check in ဝင်ဖို့ (၂) နာရီလောက်စောရောက်ထားသင့်ပြီး ပြည်ပခရီးသွားရောက်မည့်သူများဆိုရင် Check in ဝင်ဖို့အတွက် (၃) နာရီလောက်စောပြီးအရောက်သွားဖို့ လိုအပ်ပါတယ်နော်…
 
ဒါ့အပြင် သွားရောက်မယ့်နိုင်ငံရဲ့ ရာသီဥတုကိုလဲ ကြည့်ထားသင့်ပါတယ်။ ဒါမှသာ ရာသီဥတုနဲ့အညီ ဖက်ရှင်ကျကျ ဝတ်ဆင်ရမယ့် အဝတ်အစားထည့်သွားလို့ရမှာပါ။
 
နောက်ဆုံးအနေနဲ့ Check in ဝင်မယ့် Luggage နဲ့ Hand carry မှာ ထည့်လို့ရတဲ့ပစ္စည်း၊ မရတဲ့ပစ္စည်းလေးတွေကိုလဲ သေချာစီစစ်ပြီး ထည့်သွားဖို့မမေ့ပါနဲ့နော်…
 
🤩ဒါတွေအကုန်လုံးပြည့်စုံပြီဆိုရင်တော့ ခရီးသွားဖို့အတွက် စိတ်ပူစရာမလိုပဲ Ready ဖြစ်နေမှာဖြစ်ပါတယ်