fbpx
😇Check in Counter ပိတ်မှာမို့ ကြိုသွားနော်
 
✅ခရီးတစ်ခုစတင်ဖို့ လေယာဉ်စီးရမယ်ဆိုရင် လေဆိပ်ကို လက်မှတ်မှာပါတဲ့ လေယာဉ်ချိန်ထက် စောရောက်ဖို့လိုအပ်ပါတယ်နော်
 
🤔ဘာလို့စောစောသွားဖို့လိုတာလဲ?
✔️ခရီးသွားတဲ့သူတွေများပြီး Check in counter မှာတန်းဆီရတတ်ပါတယ်။ Check in ဝင်ပြီးရင်လဲ Immigration မှာတန်းစီရမှာလဲရှိတဲ့အတွက် အကြာကြီးစောင့်ဆိုင်းစရာမလိုအောင် အချိန်စောပြီးသွားဖို့လိုအပ်ပါတယ်
✔️အကယ်၍ နောက်ကျမှသွားမိတယ်ဆိုရင်တော့ Check in counter တွေကိုစောင့်ခိုင်းလို့မရတာကြောင့် Check in ဝင်ချိန်နောက်ကျတာမျိုးဖြစ်တတ်ပြီး လေယာဉ်ချိန်မမှီပဲ Flight လွတ်သွားတာမျိုး၊ Transit စီးရမယ့်ခရီးသည်တွေအနေနဲ့လဲ နောက်တစ်ဆင့်စီးရမယ့် Flight တွေပါလွတ်သွားတာမျိုးဖြစ်ပြီး Date change ရတာမျိုးတွေလုပ်ရပြီး အခက်ခဲတွေကြုံရတတ်ပါတယ်
 
🤔အဲ့လိုတွေမဖြစ်ရအောင် ဘယ်လောက်စောပြီးသွားဖို့လိုလဲ?
✔️ပြည်တွင်းခရီးသွားရောက်မယ်ဆိုရင်တော့ Air ticket ထဲမှာပါတဲ့ လေယာဉ်ချိန် (Departure Time) ထပ် (၂) နာရီလောက် ကြိုတင်သွားရောက်သင့်ပါတယ်
✔️ပြည်ပခရီးသွားရောက်မယ်ဆိုရင်တော့ လေယာဉ် လက်မှတ်ထဲမှာပါတဲ့ ထွက်ခွာချိန်ထပ် (၃) နာရီလောက် လေဆိပ်ကို ကြိုပြီးရောက်နေရပါမယ်
 
🥰ဒီလိုစောပြီးသွားမယ်ဆိုရင် အရေးကြီးကိစ္စတစ်စုံတရာရှိလာခဲ့ရင် ပြင်ဆင်ချိန်ရရှိနိုင်မှာဖြစ်ပြီး ခရီးစဉ်ကို အဆင်ပြေချော့မွေ့စတင်နိုင်မှာဖြစ်ပါတယ်