fbpx
Hand Carry Luggage ( 13 Dec 2024 ) copy
🤔❗️Cabin Baggae (Hand Carry) ထဲ ပစ္စည်းထည့်မယ်ဆို ဘာတွေသတိထားရမလဲ?
 
🥰ဒီတစ်ခေါက်ရဲ့ Knowledge sharing အပိုင်းမှာဆိုရင်တော့ လေယာဉ်စီးတော့မယ်ဆိုရင် Check in Luggage အပြင် လေယာဉ်ပေါ်ထိကိုယ်နဲ့မကွာသယ်သွားလို့ရတဲ့ Cabin Baggage/ Hand Bag/ Hand Carry ထဲမှာဘာတွေသယ်သွားလို့ရတယ်၊ ဘာ‌တွေသယ်သွားလို့မရဘူးလဲ၊ ဘာတွေသတိထားဖို့လိုလဲ စတာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်
 
🧳Cabin Baggae (hand carry) ထဲ ပစ္စည်းထည့်မယ်ဆိုရင်
 
✔️100cc/100ml ထပ်ပိုတဲ့ အရည်၊ ရေ၊ Gel တွေထည့်မသွားဖို့သတိထားရပါမယ်
✔️10000MAH ထက်ကျော်တဲ့ Power Bank တွေကိုထည့်မသွားဖို့သတိပြုရပါမယ်
✔️အန္တရာယ်ရှိတဲ့ ပစ္စည်းတွေဖြစ်တဲ့ ဓား၊ ဓာတ်ခဲ၊ ကတ်ကြေး၊ လက်သည်းညှပ်၊ မီးခြစ်စတာတွေ မထည့်သွားဖို့သတိထားရပါမယ်
✔️တစ်ကိုယ်ရေသုံးအိတ်ဆောင်ပစ္စည်းများ၊ နေ့စဉ်သောက်သုံးနေကျဆေးများ နှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများကို Cabin Baggae (hand carry) ထဲတွင်ထည့်သွားလို့ရပါတယ်
✔️အနံ့ထွက်စေတဲ့ အစားအသောက်များကိုလဲ Hand carry ထဲတွင်ထည့်သွားလို့မရတာကြောင့် ဂရုစိုက်ဖို့လိုအပ်မယ်နော်