
Air Travel Tips to Know on Flight!
ဒီနေ့မှာတော့ လေယာဉ်စီးရာတွင် သတိထားဖို့လိုအပ်တဲ့ အရာလေးတွေကို မင်မင် sharing လုပ်ပေးချင်ပါတယ်


လေယာဉ်စထွက်တော့မယ်ဆိုရင် လေယာဉ်မောင်၊ လေယာဉ်မယ်တွေ အမြဲ Demonstrate လုပ်ပြီး ရှင်းပြတဲ့ အရေးအကြီးဆုံးဖြစ်တဲ့ Safety Briefing အကြောင်းကို သေချာဂရုစိုက်နားထောင်ပြီး ခရီးစဉ်တစ်ခုလုံးမှာ ကျင့်သုံးလိုက်နာသင့်ပါတယ်

လူကြီး၊ လူငယ်မရွေး လေယာဉ်ပေါ်စရောက်ပြီဆိုတာနဲ့ ပြန်ဆင်းမယ့်အချိန်အထိ Seat Belt (ခါးပတ်) ကို အမြဲပတ်ထားဖို့လိုအပ်ပါတယ်
ဘာလို့ Seat Belt ခလုတ်ပိတ်လိုက်တယ်ဆိုရင်တောင် ခါးပတ်ကိုအမြဲပတ်ထားသင့်လဲဆိုရင်တော့ လေယာဉ်ပေါ်တွင် ရာသီဥတုအခြေနေမငြိမ်သက်မှုများ,
Air Turbulence, Bird Strike စတဲ့ ကိစ္စမျိုးတွေဖြစ်တတ်တာမလို့ ထိုင်ခုံမှာထိုင်နေတဲ့အချိန်တိုင်း Seat Belt ကို မဖြုတ်သင့်ပါဘူးနော်

လေယာဉ်ပေါ်စရောက်ပြီဆိုတာနဲ့ Emergency Exist ဘေးတွင် ထိုင်ရမယ့် Passenger မှ မဟုတ် လေယာဉ်စီးမယ့်သူတိုင်း Emergency Exist ဘယ်နှစ်ခုပါလဲဆိုတာကိုလည်း သတိထားပြီး လေ့လာထားသင့်ပါတယ်
အရေးပေါ်အခြေနေကြုံလာတာမျိုးရှိခဲ့ပါက မိမိနှင့်အတူ သက်ကြီးရွယ်အိုများကိုပါ ကူညီလို့ရနိုင်တာမလို့ ထွက်ပေါက်ကို ကြိုတင်သိရှိထားပါက အကျိုးကျေးဇူးတွေအများကြီးပဲနော်

လေယာဉ်စီးမယ့်သူတွေအနေနဲ့ လေယာဉ်စထွက်တဲ့အချိန်မှ စပြီး ပြန်ဆင်းတဲ့အချိန်အထိ Airplane Mode Button လေးကို ဖွင့်ထားဖို့လိုပါတယ်

