Baggage Check through 02 Jul 2025 copy
✈️🥰 Long Haul Flight တွေစီးတဲ့အခါ Baggage check through ရ မရ သေချာစစ်နော်…..
 
🤩 နိုင်ငံကြီးတွေကို ခရီးသွားရတဲ့အခါမှာ တစ်ဆင့်ထဲနဲ့ မရောက်တဲ့ Long Haul Flight တွေစီးနင်းပြီး သွားရောက်ကြရပါတယ်။ အဲ့ဒီအခါမှာ Baggage Check Through ရလား ၊ Baggage Check through ဆိုတာဘာလဲဆိုပြီး ဧည့်သည်တွေမေးနေကျမေးခွန်းလေးတွေကို Knowledge Sharing အနေနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။
 
🤔 ဒါဆို Baggage Check Through ဆိုတာ ဘာကိုဆိုလိုတာလဲ?
 
✅ Baggage Check Through ဆိုတာကတော့ ဧည့်သည်တော်တို့သွားရောက်မယ့်နိုင်ငံကို တိုက်ရိုက် လေယာဉ်မရှိပဲ Transit အနေနဲ့ ပြောင်းစီးရတဲ့အခါ Baggage ကိုပြန်လည်ထုတ်ယူစရာမလို၊ Check in ထပ်ဝင်စရာမလိုပဲ နောက်လေဆိပ်တစ်ခုကို တန်းသွားလို့ရတာမျိုးကို Buggage Check Through လို့ခေါ်ပါတယ်။
 
💁‍♀️အကယ်၍ ဧည့်သည်တော်တို့ ဝယ်ယူထားတဲ့လက်မှတ်က Baggage Check Through မရတဲ့ လေကြောင်းလိုင်းလက်မှတ်ကို ဝယ်ထားမိရင်တော့ Baggage ကို recheck ပြန်လုပ် ၊ Immigration ကိုပြန်ဖြတ်ပြီး check in ပြန်ဝင်ရတဲ့အတွက် အချိန်ကုန်လူပင်ပန်းဖြစ်စေသလို……
 
✅ Visa လိုအပ်တဲ့နိုင်ငံမှာ transit ပြောင်းစီးရတာမျိုးဆို Immigration က Visa မရှိရင် ခွင့်မပြုတဲ့အတွက် နောက် flight ကိုစီးခွင့်မရတော့တာမျိုးတွေကြောင့် လေယာဉ်လက်မှတ် ဆုံးရှုံးရတာမျိူးတွေ ဖြစ်တတ်ပါတယ်။
 
🥰 ဒါ့အပြင် Baggage Check Through ရမရဟာ ဝယ်ယူတဲ့လေကြောင်းလိုင်းပေါ် မူတည်တာကြောင့် လက်မှတ်ဝယ်ယူမယ်ဆို Baggage Check Through ရ မရ သေချာအောင် စစ်ဆေးမေးမြန်းပြီး ဝယ်ယူသင့်ကြောင်း အကြံပြုလိုက်ရပါတယ်ရှင် ။