fbpx
Check Through

Baggage Check Through ဆိုတာ ဘာကိုဆိုလိုတာလဲ? ✈️လေယာဉ်နဲ့ ခရီးသွားကြတဲ့အခါမှာ တစ်ဆင့်ထဲနဲ့ မရောက်တဲ့ Long Haul Flight တွေစီးနင်းပြီး နိုင်ငံကြီးတွေကို သွားရောက်ကြရပါတယ်. အဲ့အခါမှာ Baggage Check Through ရလားဆိုပြီး အမြဲဧည့်သည်တွေမေးနေကျမေးခွန်လေးကို ပြောပြပေးသွားမှာပါ ❇️Check through ရတယ်ဆိုတာကတော့ လေဆိပ် တစ်ခုနှင့် တစ်ခု Transit နဲ့ သွားရောက်တဲ့အခါ baggage ကို ပြန်လည်ထုတ်ယူစရာမလို၊ check in ထပ်ဝင်စရာမလိုဘဲ နောက်လေဆိပ်တစ်ခုကို စီးနင်းသွားရောက်နိုင်တာကို ဆိုလိုခြင်းဖြစ်ပါတယ် ❇️Baggage Check Through ရမရဟာ ဝယ်ယူတဲ့လေကြောင်းလိုင်းပေါ် မူတည်တာကြောင့် လက်မှတ်မဝယ်ယူခင် သေချာစစ်ဆေးမေးမြန်းပြီးမှသာ ဝယ်ယူသင့်ပါတယ် ❇️Transit အချိန်ဟာ (၂၄) နာရီ အတွင်းဝင်ပါက Transit Visa လျှောက်ထားစရာ လိုအပ်မည် မဟုတ်ပါ . (၂၄) နာရီထပ်ကျော်ရင်တော့ သက်ဆိုင်ရာနိုင်ငံအလိုက်သတ်မှတ်ထားတဲ့ Transit ဗီဇာလိုမလိုကို မသွားရောက်ခင် မေးမြန်းစစ်ဆေးဖို့ အကြံပြုလိုပါတယ်ရှင်...