fbpx

ခရီးဆောင်အိတ်နဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အရာလေးများ

ကျွန်မတို့ Tori Travel မှ လူကြီးမင်းတို့လေယာဉ်ဖြင့် ခရီးသွားတဲ့အခါမှာ ခရီးဆောင်အိတ်နဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်ရှင် ☺️☺️☺️

ပထမဆုံး Hand Carry Baggage 👜👜👜 နဲ့ ပတ်သက်တာလေးပြောပြချင်ပါတယ်

  • Hand Carry Baggage Size ဟာ Height -55cm / 22’’ ,Width -40cm/16’’ ,Depth – 23cm / 9’’ , Weight – 7kg/17lbs စတဲ့အရွယ်အစားတွေ ထက်မပိုတဲဲ့ Baggage ဖြစ်ရပါမယ်
  • Hand Carry Baggage ထဲတွင် Power Bank, Laptop , Battery Charger စတဲ့ အရာတွေ ကို ထည့်ယူသွားသင့်ပါတယ်
  • နေ့စဥ်သောက်သုံးနေသော ဆေးဝါးများ
  • တစ်ကိုယ်ရေသုံး ပစ္စည်းများကိုထည့်ယူသွားသင့်ပါတယ်
  • ချွန်ထက်သော အရာများကို Hand Carry အိတ်ထဲယူသွားလို့မရပါဘူး (ဥပမာ- ဓား🔪 ၊ကတ်ကြေး ✂️၊ သံချောင်း စတာတွေပါ)
  • အရည်များကို ယူသွားမည်ဆိုပါက ဘူးတစ်ခုစီတွင် 100 ML ထက်မပိုအောင် ထည့်၍ ယူသွားရပါမယ်
  • လူကြီးမင်းတို့အတွက် အရေးကြီးသော အရာများ၊
    အရေးကြီးစာရွက်စာတမ်းများ ၊တန်ဖိုးကြီးသောအရာများကို မိမိနှင့် တပါးတည်းယူသွားသင့်ပါတယ်📱💵💎💍

နောက်တစ်ခုကတော့ Check-in Baggage 👜👜👜ပါ

  • အချို့သော လေကြောင်းလိုင်းများမှာ အိတ် တစ်လုံး ကို 30 kg အထိ ရသော်လဲ အချို့သော လေကြောင်းလိုင်းများ ကတော့ 20 kg , 23 kg , 25 kg စသဖြင့် ရှိတတ်ကြပါတယ်။
    Business Class,Economy Class စသဖြင့် ကွဲပြား၍ သယ်ဆောင်နိုင်သော Kilo🏋🏻‍♂️🏋🏻‍♂️🏋🏻‍♂️အပြောင်းအလဲရှိနိုင်ပါတယ်ရှင်။
  • Phone📱📱 ,Power Bank, Laptop💻💻 , Battery Chargerတဲ့ အရာများ ကိုလည်း Check-in Baggage ထဲ မထည့်သင့်ပါဘူး။
  • အရည်များကို 100 ML ထက် ပို၍ ယူသွားချင်ပါက Check-in Baggage ထဲသို့ထည့်၍ ယူသွားရပါမယ်။
  • လူကြီးမင်းတို့အတွက် အရေးကြီးသော အရာများ ၊ အရေးကြီး စာရွက် စာတမ်းများ ၊ တန်းဖိုးကြီးသောအရာများကို Check-in Baggage ထဲ မထည့်သင့်ပါဘူးရှင်။
    💍💎💵📱❌
  • ဒါလေးတွေ ကတော့ Hand Carry Baggage နဲ့ Check-in Baggage အတွက် အခြေခံ ဆောင်ရန်ရှောင်ရန် လေးတွေပဲဖြစ်ပါတယ်ရှင်။👍👍

အချိန်ယူဖတ်ရှုပေးကြတဲ့ အတွက် Tori Travel မှ အထူးကျေးဇူး တင်ရှိပါတယ်ရှင်။ 😊😊😊