
Check-in counter ကို ဘာလို့ စောစောသွားသင့်တာလဲ?


-မဟုတ်ပါဘူးနော်… လေယာဉ်လက်မှတ်ထဲမှာပါတဲ့အချိန်လေးက လေယာဉ်ထွက်ခွာချိန်ဖြစ်ပြီး ထွက်ခွာချိန်မတိုင်မီ လေဆိပ်ကို ကြိုရောက်နေဖို့ လိုအပ်ပါတယ်

-ပြည်တွင်းခရီးသွားမယ်ဆို လေယာဉ်လက်မှတ်ထဲမှာပါတဲ့ လေယာဉ်အချိန်ထပ် အနည်းဆုံး (၂) နာရီ ကြိုတင်ရောက်ရှိနေဖို့လိုအပ်ပြီး
-ပြည်ပ ခရီးသွားမယ့်သူတွေအနေနဲ့ကတော့ လေယာဉ်လက်မှတ်ထဲမှာပါတဲ့ ထွက်ခွာချိန်မတိုင်မီ အနည်းဆုံး (၃) နာရီ ကြိုတင်ရောက်ရှိနေမှ ရပါမယ်

– ခရီးသွားတဲ့သူတွေက များတဲ့အတွက် Check in counter နှင့် Immigration တို့မှာ တန်းစီပြီး အကြာကြီးစောင့်ဆိုင်းစရာမလိုအောင် လေဆိပ်ကို စောသွားဖို့ လိုပါတယ်
-လေဆိပ်ကို နောက်ကျမှ သွားမိပါက လေယာဉ်အချိန် မမှီပဲ Flight လွတ်သွားတာမျိုး၊ Transit ဆက်စီးမယ့်သူတွေအနေနဲ့ဆိုလည်း တစ်ခြား flight တွေပါထပ်လွတ်သွားတာမျိုး၊ Date ပြန်ပြောင်းရတာမျိုး စတဲ့ အခက်အခဲတွေ ကြုံရတတ်ပါတယ်
ဒါကြောင့် လေဆိပ်ကို စောစောသွားခြင်းက ဧည့်သည်တော်တွေရဲ့ ခရီးစဉ်လေးတွေကို အဆင်ပြေချောမွေ့စွာနဲ့ သွားရောက်နိုင်မှာပဲဖြစ်ပါတယ်
