fbpx

Q : လေယာဉ်လက်မှတ်တွေက ဈေးပြောင်းတတ်တာလား?🤔
A: ပြောင်းတတ်ပါတယ်

✈ဒီတစ်ခါတော့မင်မင်က ဗဟုသုတအနေနဲ့ လေယာဉ်လက်မှတ်တွေက ဈေးပြောင်းတတ်တဲ့အကြောင်းကိုဧည့်သည်တော်တွေအတွက် sharing လေးလုပ်ပေးချင်ပါတယ်😉

💠လေယာဉ်တစ်စီးမှာ Airline ပေါ်မူတည်ပီးတော့ Business class, Economy class စတဲ့ Class အမျိုးအစားတွေအများကြီးရှိတာကြာင့် Class ပေါ်မူတည်ပြီးတော့ လေယာဉ်ခုံတွေကဈေးကွာတတ်ပါတယ်

💠မိမိဝယ်ယူသည့်ရက်, ခရီးသွားမယ့်ရက် ပေါ်မူတည်ပြီးတော့လည်း ဈေးတွေကအပြောင်းလဲရှိတတ်ပါတယ်။ သွားမယ့်ရက် နီးမှ ဝယ်ယူမယ်ဆို class အနိမ့်ခုံတွေကမရှိတော့တာမလို့ ဈေးနှုန်းတွေက ပိုများတတ်တယ်နော်

💠လက်မှတ်မေးတုန်းက ဈေးသက်သာနေပြီး လက်မှတ်ဖြတ်မယ်ဆိုမှ ဈေးပြောင်းသွားတာမျိုးတွေရှိတတ်တာကတော့ Booking တင်ထားခြင်းမရှိတာကြောင့်ပါ၊ အာ့ကြောင့် သွားမယ့်ရက်နှင့် ဈေးနှုန်းအဆင်ပြေပြီဆိုပါက Booking အရင်တင်ထားဖို့လိုပါမယ်

💠Booking တင်ထားပြီးတဲ့နောက်မှာတော့ Deadline မတိုင်ခင် ဝယ်ယူဖို့လည်းလိုသေးတယ်နော် (Booking deadline တွေက မိမိသွားမည့်ခရီးစဉ်၊ Airlines ပေါ်မူတည်ပီးတော့ တစ်ခုနှင့်တစ်ခုမတူညီတာကြောင့် Booking တင်ပြီးပြီးဆိုတာနှင့် deadline မတိုင်ခင်ဝယ်ယူမှ စိတ်ချရမယ်နော်)

ဒီအချက်လေးတွေကတော့ လေယာဉ်လက်မှတ်ဝယ်မယ်ဆို သိထားသင့်တာလေးတွေပါနော်😉