လေယာဉ်လက်မှတ်ဝယ်တော့မယ်ဆို
သိထားသင့်တဲ့ အချက်များ
ဒီနေ့မှာတော့ Knowledge Sharing အနေနဲ့ မင်မင်က လေယာဉ်လက်မှတ်ဝယ်တော့မယ်ဆို သိထားရမယ့် အချက်လေးတွေကိုပြောပြပေးပါမယ်
လေယာဉ်လက်မှတ်ကို ဘယ်နှစ်ရက်ကြိုဝယ်သင့်လဲ?
ပြည်တွင်းလက်မှတ်ဝယ်မယ်ဆို အနည်းဆုံး (၇ – ၁၀ ရက်) ကြိုဝယ်ထားသင့်ပြီး
ပြည်ပလက်မှတ်ဆိုရင်တော့ သွားမည့်ရက်သေချာရင် အနည်းဆုံး တစ်လ ကြိုဝယ်ထားသင့်ပါတယ်
(မဝယ်ခင် passport သက်တမ်း (၆) လကျော်ရှိနေလား စစ်ဆေးဖို့တော့လိုမယ်နော်)
လေယာဉ်လက်မှတ်တွေက ရက်နီးလေ ဈေးပိုတက်လေမလို့ ကြိုဝယ်ထားလေ စိတ်ချရလေပါပဲ .
Booking တင်ထားဖို့လိုလား?
သွားမယ့်ရက်၊ အချိန်၊ ဈေးတွေ အဆင်ပြေပြီဆိုရင်တော့ မှတ်ပုံတင်/ passport နဲ့အတူ Booking အရင်တင်ထားသင့်ပါတယ်. Booking deadline မတိုင်ခင် လက်မှတ်ဖြတ်ဖို့ လိုပြီး deadline ကျော်လို့ booking ပျက်သွားခဲ့ရင်တော့ ဈေးနှုန်းအပြောင်းလဲတွေရှိတတ်ပါတယ်
Baggage နဲ့ပတ်သတ်ပြီး ဘာတွေသိထားရမလဲ?
ပြည်တွင်း/ ပြည်ပ လေကြောင်းလိုင်းအလိုက် Baggage သယ်ဆောင်ခွင့်တွေ မတူတာမလို့ ကီလို ဘယ်လောက်ရလဲဆိုတာ မဝယ်ခင် မေးဖို့လိုပါတယ်
ပြည်ပနိုင်ငံတွေသွားမယ်ဆို Transit စီးရပါက Baggage check through ရမရမေးဖို့ အရေးကြီးတယ်နော်
ဈေးတွေက ပြောင်းလဲမှုရှိလား?
အချိန်နဲ့ အမျှ လက်မှတ်ဈေးလေးတွေက အပြောင်းလဲရှိတာမလို့ Booking Deadline မထိခင် လက်မှတ်ဖြတ်မှဘဲ စိတ်ချရပါမယ်
လက်မှတ်ဝယ်တဲ့အခါ Seat (ခုံ) တစ်ခါတည်းရွေးလို့ရလား?
တစ်ချို့လေကြောင်းလိုင်းတွေက တစ်ခါတည်းရွေးချယ်လို့ရပြီး ထပ်မံပေးစရာမလိုတာမျိုးရှိသလို
တစ်ချို့လေကြောင်းလိုင်းတွေကတော့ ခုံရွေးမယ်ဆိုရင်တော့ fees ထပ်ပေးရတာရှိပါတယ်
ဘယ်မှာဝယ်ရမလဲ?
ဒါတွေအားလုံးကို စိတ်ပူစရာမလိုဘဲ အသေးစိတ်ပြောပြပေးပြီး အချိန်တိုအတွင်း အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ ToRi Travel မှာ (၂၄) နာရီဝန်ဆောင်မှုဖြင့် လက်မှတ်များကို ဝယ်ယူလိုက်ပါ