fbpx

✈️လေယာဉ်လက်မှတ်ဝယ်တော့မယ်ဆို

သိထားသင့်တဲ့ အချက်များ​

ဒီနေ့မှာတော့ Knowledge Sharing အနေနဲ့ မင်မင်က လေယာဉ်လက်မှတ်ဝယ်တော့မယ်ဆို သိထားရမယ့် အချက်လေးတွေကိုပြောပြပေးပါမယ်⬇️

💠လေယာဉ်လက်မှတ်ကို ဘယ်နှစ်ရက်ကြိုဝယ်သင့်လဲ?
ပြည်တွင်းလက်မှတ်ဝယ်မယ်ဆို အနည်းဆုံး (၇ – ၁၀ ရက်) ကြိုဝယ်ထားသင့်ပြီး
ပြည်ပလက်မှတ်ဆိုရင်တော့ သွားမည့်ရက်သေချာရင် အနည်းဆုံး တစ်လ ကြိုဝယ်ထားသင့်ပါတယ်
(မဝယ်ခင် passport သက်တမ်း (၆) လကျော်ရှိနေလား စစ်ဆေးဖို့တော့လိုမယ်နော်)
လေယာဉ်လက်မှတ်တွေက ရက်နီးလေ ဈေးပိုတက်လေမလို့ ကြိုဝယ်ထားလေ စိတ်ချရလေပါပဲ .

💠Booking တင်ထားဖို့လိုလား?
သွားမယ့်ရက်၊ အချိန်၊ ဈေးတွေ အဆင်ပြေပြီဆိုရင်တော့ မှတ်ပုံတင်/ passport နဲ့အတူ Booking အရင်တင်ထားသင့်ပါတယ်. Booking deadline မတိုင်ခင် လက်မှတ်ဖြတ်ဖို့ လိုပြီး deadline ကျော်လို့ booking ပျက်သွားခဲ့ရင်တော့ ဈေးနှုန်းအပြောင်းလဲတွေရှိတတ်ပါတယ်

💠Baggage နဲ့ပတ်သတ်ပြီး ဘာတွေသိထားရမလဲ?
ပြည်တွင်း/ ပြည်ပ လေကြောင်းလိုင်းအလိုက် Baggage သယ်ဆောင်ခွင့်တွေ မတူတာမလို့ ကီလို ဘယ်လောက်ရလဲဆိုတာ မဝယ်ခင် မေးဖို့လိုပါတယ်
ပြည်ပနိုင်ငံတွေသွားမယ်ဆို Transit စီးရပါက Baggage check through ရမရမေးဖို့ အရေးကြီးတယ်နော်

💠ဈေးတွေက ပြောင်းလဲမှုရှိလား?
အချိန်နဲ့ အမျှ လက်မှတ်ဈေးလေးတွေက အပြောင်းလဲရှိတာမလို့ Booking Deadline မထိခင် လက်မှတ်ဖြတ်မှဘဲ စိတ်ချရပါမယ်

💠လက်မှတ်ဝယ်တဲ့အခါ Seat (ခုံ) တစ်ခါတည်းရွေးလို့ရလား?
▶️တစ်ချို့လေကြောင်းလိုင်းတွေက တစ်ခါတည်းရွေးချယ်လို့ရပြီး ထပ်မံပေးစရာမလိုတာမျိုးရှိသလို
▶️တစ်ချို့လေကြောင်းလိုင်းတွေကတော့ ခုံရွေးမယ်ဆိုရင်တော့ fees ထပ်ပေးရတာရှိပါတယ်

💠ဘယ်မှာဝယ်ရမလဲ?
ဒါတွေအားလုံးကို စိတ်ပူစရာမလိုဘဲ အသေးစိတ်ပြောပြပေးပြီး အချိန်တိုအတွင်း အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ ToRi Travel မှာ (၂၄) နာရီဝန်ဆောင်မှုဖြင့် လက်မှတ်များကို ဝယ်ယူလိုက်ပါ