fbpx

 

လေယာဉ်လက်မှတ်အတု ဟုတ်၊မဟုတ် ဘယ်လိုသတိထားစစ်ဆေးမလဲ?

လက်မှတ်အတုတွေမဝယ်မိအောင် သတိထားစစ်ဆေးဖို့ မင်မင်က ဒီနေ့ sharing လုပ်ပေးချင်ပါတယ်
✅လက်မှတ်အတု / fake ticket တွေဟာ သက်ဆိုင်ရာ လေကြောင်းလိုင်း Website များတွင် Booking Code များအား သွားရောက်စစ်ဆေးတဲ့အခါ လက်မှတ်ထွက်မလာခြင်း
✅ပုံမှန် လက်မှတ်စျေးများထက် ပိုသက်သာ၍ စျေးများကွာဟမှုရှိခြင်း
✅တရားဝင် အရောင်းကိုယ်စားလှယ် (Travel & Tour) များ၏ Facebook ၊ Website ၊ ရုံးလိပ်စာ၊ ဖုန်းနံပါတ်များ မှန်ကန်မှု မရှိခြင်း
✅Agent များတွင် လက်မှတ်များ Booking ပြည့်၍ ဝယ်ယူရန်မရရှိနိုင်တဲ့အချိန်တွင် Fake Page များမှ ခရီးသည်များ လိုအပ်တဲ့ မည်သည့်ရက်၊ မည်သည့်အချိန်မဆို အလွယ်တကူ Booking ရရှိနိုင်ခြင်း
✅ဘဏ်အကောင့်များသည် ကုမ္ပဏီအမည်ဖြင့်မဟုတ်ဘဲ အခြားအမည်များဖြစ်နေခြင်း စသည့်အချက်များရှိနေတတ်တာကြောင့်
‼️ထိုအချက်တွေကို သတိပြု၍ မိမိတို့လက်မှတ်အား ငွေမပေးချေမီ Airline Website (သို့) Agent များအား Booking အစစ်အမှန် ဟုတ်၊ မဟုတ် စစ်ဆေးခြင်းများပြုလုပ်ဖို့ အကြံပြုဝေမျှပေးလိုက်ပါတယ်…