ခရီးသွားမယ်ဆို ဘယ်ကစစီစဉ်မလဲ? ပြည်တွင်းခရီးဖြစ်ဖြစ်၊ ပြည်ပခရီးဖြစ်ဖြစ် ခရီးတစ်ခုသွားတော့မယ်ဆို လိုအပ်တဲ့ ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ အစအဆုံးသေချာစွာစစ်ဆေးဖို့လိုအပ်ပါတယ်။ ဒါမှ ခရီးစသွားပြီဆိုတာနဲ့ စိတ်ပူစရာမလိုဘဲ သေချာပျော်လို့ရမှာနော်။ ခရီးတစ်ခုသွားတော့မယ်ဆိုတာနဲ့ ကိုယ်သွားမယ့်နေရာရဲ့ ရာသီဥတုကစလို့ အစားအသောက်ပုံစံတွေအထိ ရှာဖွေထားသင့်ပါတယ်။ အဲ့အချက်တွေပေါ်မူတည်ပြီး နေရာနဲ့လိုက်ဖက်တဲ့ ဖက်ရှင်မိုက်မိုက်လေးတွေ ရွေးချယ်ယူဆောင်သွားလို့ရပါတယ်။ ပြည်တွင်းခရီးသွားမယ်ဆိုရင်တော့ မပါမဖြစ် မှတ်ပုံတင်ယူဆောင်သွားဖို့ လိုအပ်ပြီး ကားလက်မှတ်၊ လေယာဉ်လက်မှတ်၊ ဟိုတယ် confirmation အစရှိတာတွေ စစ်ဆေးသွားရပါမယ်။ ပြည်ပခရီးဆိုရင်တော့ Passport သက်တမ်းကျန်ရှိဖို့ အရေးကြီးပြီး Passport၊ လေယာဉ်လက်မှတ်၊ Kg ပါမပါ၊ visa လိုအပ်တဲ့နိုင်ငံဆိုရင် Visa၊ Registration/Arrival form လိုမလို၊ Hotel confirmation စတာတွေ စစ်ဆေးဖို့လိုအပ်ပါတယ်နော်။ ဒါတွေအကုန်ပြီးပြီ၊ ပြည့်စုံပြီဆိုရင်တော့ စိတ်လက်ပေါ့ပါးစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားလို့ရပါပြီရှင်။ +951 8380211 +959 77777 2566 info@toritravel.com Yangon Office about tori About us Ti Ti Story Travel Knowledge services Domestic Flight Tickets International Flight Tickets Tour Packages Hotel Visa Service Travel Insurance Express Bus Tickets Train Tickets Stay in Touch ! Name Email Phone subscribe