Passport အမျိုးအစားများ နှင့် သိထားစရာအချက်များ
Passport နှင့် ပတ်သတ်တဲ့ အမျိုးစားများ နှင့် လေယာဉ်ဖြင့် ခရီးသွားမယ်ဆို သိထားစရာလေးများ
Passport အမျိုးအစား အနေနှင့် (၉) မျိုးရှိပါတယ်
- PB = Business Passport (ပြည်ပသို့အလုပ်အကိုင်ကိစ္စနှင့်သွားသူများ)
- PT = Dependent Passport (ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော ခင်ပွန်း/ဇနီး နဲ့လိုက်နေထိုင်သူ/မှီခိုများ)
- PJ = Job Passport (ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်နေသောသူများ)
- PR = Religious Passport (သာသနာရေးနှင့် ပတ်သတ်သော နိုင်ငံသားများ)
- PS = Seaman Passport (သဘောင်္သားများ)
- PE = Student Passport (ပြည်ပသို့ကျောင်သွားတတ်မည့်သူများ)
- PV = Visit Passport (ပြည်ပသို့သွားရောက်လည်ပတ်ပတ်မည့်သူများ)
- PD = Diplomatic Passport (ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောသူများ)
- PO = Official Passport (အစိုးရဝန်ထမ်းများ)
ပြည်ပသို့ လေကြောင်းဖြင့် သွားရောက်မယ်ဆို PJ နှင့် PE passport type (၂) မျိုး သည်သာ (one way flight ticket) ဝယ်ယူပြီး သွားရောက်လို့ ရပါတယ်
ပြည်ပသို့ သွားရောက်မယ်ဆို PJ Passport အမျိုးစား ကိုင်ဆောင်သူများသည် အလုပ်သမားဦးစီးရုံးကထုတ်ပေးတဲ့ OWIC card (Oversea Worker identification Card) လိုအပ်ပါတယ်
အခြား passport အမျိုးစား ကိုင်ဆောင်ထားသူတွေကတော့ ပြည်ပသို့သွားရောက်မယ်ဆို အသွားပြန်လေယာဉ်လက်မှတ်, ဟိုတယ် Booking, Show Money တို့ မဖြစ်မနေ လိုအပ်ပါတယ်