fbpx

Passport အမျိုးအစားများ နှင့် သိထားစရာအချက်များ

Passport နှင့် ပတ်သတ်တဲ့ အမျိုးစားများ နှင့် လေယာဉ်ဖြင့် ခရီးသွားမယ်ဆို သိထားစရာလေးများ
 
🟡Passport အမျိုးအစား အနေနှင့် (၉) မျိုးရှိပါတယ်
  • PB = Business Passport (ပြည်ပသို့အလုပ်အကိုင်ကိစ္စနှင့်သွားသူများ)
  • PT = Dependent Passport (ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော ခင်ပွန်း/ဇနီး နဲ့လိုက်နေထိုင်သူ/မှီခိုများ)
  • PJ = Job Passport (ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်နေသောသူများ)
  • PR = Religious Passport (သာသနာရေးနှင့် ပတ်သတ်သော နိုင်ငံသားများ)
  • PS = Seaman Passport (သဘောင်္သားများ)
  • PE = Student Passport (ပြည်ပသို့ကျောင်သွားတတ်မည့်သူများ)
  • PV = Visit Passport (ပြည်ပသို့သွားရောက်လည်ပတ်ပတ်မည့်သူများ)
  • PD = Diplomatic Passport (ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောသူများ)
  • PO = Official Passport (အစိုးရဝန်ထမ်းများ)
➡️ပြည်ပသို့ လေကြောင်းဖြင့် သွားရောက်မယ်ဆို PJ နှင့် PE passport type (၂) မျိုး သည်သာ (one way flight ticket) ဝယ်ယူပြီး သွားရောက်လို့ ရပါတယ်
➡️ပြည်ပသို့ သွားရောက်မယ်ဆို PJ Passport အမျိုးစား ကိုင်ဆောင်သူများသည် အလုပ်သမားဦးစီးရုံးကထုတ်ပေးတဲ့ OWIC card (Oversea Worker identification Card) လိုအပ်ပါတယ်
➡️အခြား passport အမျိုးစား ကိုင်ဆောင်ထားသူတွေကတော့ ပြည်ပသို့သွားရောက်မယ်ဆို အသွားပြန်လေယာဉ်လက်မှတ်, ဟိုတယ် Booking, Show Money တို့ မဖြစ်မနေ လိုအပ်ပါတယ်