fbpx
✈️လေယာဉ်လက်မှတ် ဝယ်ပြီးရင် ဒါလေးတွေစစ်နော်…
 
🌎လိုရာခရီးတွေကို သွားရောက်ဖို့ လေယာဉ်လက်မှတ်ဝယ်ပြီးပြီဆိုရင်တော့ အနားနီးမှ အမှားအယွင်းတစ်စုံတခု မဖြစ်ရစေအောင် လေယာဉ်လက်မှတ် ဝယ်ပြီးပြီဆိုတာနဲ့ Double Check လုပ်ဖို့လိုအပ်ပါတယ်နော်. မိမိသွားလိုတဲ့နေရာ, အချိန်, Passport နံပါတ်, နာမည်စာလုံးပေါင်း စတာတွေကို တစ်ချက်ချင်းစီပြန်လည်စစ်ဆေးဖို့မမေ့နဲ့ဦးနော်
 
ဘာတွေဘယ်လိုစပြီးစစ်ဆေးရမလဲ မသိဘူးဆိုရင်တော့ မင်မင်ပြောပြမယ့် အချက်လေးတွေအတိုင်း တစ်ဆင့်ချင်းစီ စစ်ဆေးကြည့်ရအောင်😉
 
✅အရင်ဆုံး မိမိရဲ့ နာမည် စာလုံးပေါင်းမှန်မမှန်, နာမည်အပြည့်စုံပါမပါ, Passport နှင့် မှတ်ပုံတင်နံပါတ်လေးလည်း မှားလို့မဖြစ်တာကြောင့် တစ်လုံးစီပြန်စစ်ဆေးကြမယ်
 
✅ပြီးရင်တော့ မိမိဝယ်ယူထားတဲ့ရက် မှန်မမှန်ကို တစ်ခေါက်ပြန်လည် စစ်ဆေးပြီး လက်မှတ်မှာ မိမိသွားရောက်ချင်တဲ့ မြို့ (သို့) နိုင်ငံတို့ကို စစ်ဖို့လဲမမေ့နဲ့နော်…
 
✅Baggage KG ဘယ်လောက်ရတယ်? Hand Carry ဘယ်လောက်ရလဲ? စတာတွေကိုလည်းလက်မှတ်မှာ တစ်ခါတည်းပါတာမလို့ သေချာကြည့်ဖို့လိုမယ်နော်… Transit နဲ့စီးရမယ့် Flight များအတွက်ကိုလဲ Check through ရမရကိုလဲ ဝယ်ယူတဲ့ Agent (သို့) လေကြောင်းလိုင်း နှင့် ပြန်စစ်ဖို့လိုပါမယ်နော်
 
✅လေယာဉ်ထွက်ခွာချိန် နှင့် ရောက်ရှိချိန်တို့ကိုလဲ သေချာမှတ်ထားပါက လေဆိပ်ကို ဘယ်အချိန်ကြိုသွားမယ်ဆိုတာကို ခန့်မှန်းလို့ရနိုင်မယ့်အပြင် Flight Time ဘယ်လောက်ကြာမလဲဆိုတာပါ သိရှိနိုင်မှာပါ…
 
ဒီလိုအချက်လေးကိုတွေစစ်ဆေးရင်းနဲ့ အမှားအယွင်းတစ်ခုခု ရှိလာခဲ့ရင်တော့ မိမိလက်မှတ်ဝယ်ယူခဲ့သော နေရာသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပြီး အချိန်မှီပြန်လည်ပြင်ဆင်ဖို့ မင်မင်က တိုက်တွန်းလိုက်ပါတယ်😉