ကိုယ်ဝန်ဆောင်တွေအနေနဲ့ ခရီးသွားတဲ့အခါ ဘာတွေသတိထားသင့်လဲ?
ကိုယ်ဝန်ဆောင်တွေအနေနဲ့ ခရီးသွားမယ်ဆိုရင်. . .
ဒီတစ်ခေါက်ရဲ့ Knowledge sharing မှာဆိုရင်တော့ ခရီးသွားဧည့်သည်များအတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ပြည်တွင်းပြည်ပခရီးသွားရန် လေယာဉ်စီးတဲ့အခါမှာဘာတွေလိုအပ်လဲ? ဘာတွေပြင်ဆင်ရမလဲ? ဘာတွေသိထားဖို့လိုအပ်မလဲ? စတာလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်
ကိုယ်ဝန် စရှိချိန်မှ (27) ပတ်အထိ ဆေးစာနှင့် စာရွက်စာတန်းများ မလိုပဲ လေယာဉ်စီးနိုင်ပြီး ခရီးသည်ရဲ့ ကိုယ်ဝန်မှာ (28) ပတ်နှင့် အထက်ဆိုရင်တော့ လေယာဉ်စီးနိုင်ကြောင်း ဆရာဝန်ထောက်ခံစာ ၊ ကိုယ်ဝန်ဆောင်မှတ်တမ်း စတာတွေ လိုအပ်ပါတယ်။ သတိထားရမှာက ထောက်ခံစာလေးတွေက တစ်ပတ်အတွင်းဖြစ်ဖို့တော့ လိုမယ်နော်
ကိုယ်ဝန်ဆောင်ခရီးသည်များအနေနဲ့ လေယာဉ်လက်မှတ်များမဝယ်ယူခင် အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပြီး လေယာဉ်စီးနင်းလို့အဆင်ပြေမှ ဝယ်ယူရန်၊ ကိုယ်ဝန် (36) ပတ်နှင့် အထက်ဆိုရင်တော့ လေယာဉ်မစီးနင်းရန် အကြံပြုလိုပါတယ်ရှင်
အချိန်ယူပြီးဖတ်ရှုပးတဲ့ အတွက် Tori Travel မှ အထူးကျေးဇူးတင်ပါတယ်ရှင်😊