fbpx

ကိုယ်ဝန်ဆောင် ခရီးသည်များ လေယာဉ်ဖြင့်ခရီးသွားလျှင် လိုအပ်သော အရာလေးများ

  • ကိုယ်ဝန် စရှိချိန်မှ ၂၇ ပတ်အထိ ဆေးစာ ကဲ့သို့သော စာရွက်စာတန်းများ မလိုပဲ လေယာဉ်စီးလို့အဆင်ပြေပါတယ်
  • သို့သော် check-in ဝင်ချိန်တွင် တာဝန်ကျရာ check-in staff ကို အသိပေးသင့်ပါတယ်
  • ၀န်ထမ်းမှ ကိုယ်ဝန်ဆောင်ခရီးသည်အား လိုအပ်သော အကူအညီ ပေးလို့ရနိုင်ရန်သာဖြစ်ပါတယ်
  • ၀န်ထမ်းမှ တဆင့် ခရီးသည်၏ ခုံနံပါတ်နှင့် တကွ လေယာဉ်မောင်/မယ် များသို့ အသိပေးရပါတယ်
  • သို့မှသာ ဝန်ထမ်းများမှ ခရီးသည်အတွက် သက်တောင့်သက်သာရှိစေမည့်နေရာ ၊ အဆင်ပြေစေမည့်နေရာသို့ပို့ပေးနိုင်ရန်အတွက်သာဖြစ်ပါတယ်
  • ခရီးသည်၏ ကိုယ်ဝန်မှာ ၂၈ ပတ် မှ ၃၅ ပတ် အတွင်း ဖြစ်ပါက လေယာဉ်စီးရန် အဆင်ပြေပါသည်ဆိုသော ဆရာဝန်၏ ထောက်ခံစာ ၊ ကိုယ်ဝန်ဆောင် မှတ်တမ်း စတာတွေ လိုအပ်ပါတယ်
  • ထိုထောက်ခံစာမှာ တစ်ပတ်အတွင်းဖြစ်ရပါမယ်
  • ခရီးသည်မှာ ကျန်းမာရေး ကောင်းရပါမယ်
  • ခရီးသွားလို့လဲ အဆင်ပြေရပါမယ်
  • ကိုယ်ဝန် ၃၆ ပတ်နှင့် အထက် ဖြစ်ပါက လေယာဉ်မစီးတော့ဖို့ အကြံလေးပေးပါရစေ
  • လေကြောင်းလိုင်းအများစုမှာလည်း ကိုယ်ဝန် ၃၆ ပတ်နှင့် အထက် ခရီးသည်အား တင်ဆောင်ဖို့ရန်မလွယ်ကူနိုင်ပါဘူးရှင်
  • လေကြောင်းလိုင်းအများစုမှာ ကိုယ်ဝန် ၃၆ ပတ် နှင့်အထက် ရှိသော ခရီးသည်အား များသောအားဖြင့် လိုက်ပါခွင့် မပေးတက်လို့ပါရှင်
  • ကိုယ်ဝန်မှာ လရင့်နေပြီဖြစ်သောကြောင့် လေယာဉ်ပေါ်တွင် အချိန်မရွေးမွေးဖွားနိုင်သောကြောင့် ၊ ဆရာဝန် မပါသော ကြောင့်လဲ ဖြစ်ပါတယ်ရှင်

အချိန်ယူပြီးဖတ်ရှုပးတဲ့ အတွက် Tori Travel မှ အထူးကျေးဇူးတင်ပါတယ်ရှင်😊