🤔 Oversea သွားမယ်ဆို ဘာတွေပြင်ဆင်သွားဖို့လိုလဲ?
 
✨ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ပြည်တွင်းပဲသွားသွား၊ ပြည်ပပဲသွားသွား မသွားခင် ပြင်ဆင်သွားရမယ့် အရာတွေ၊ ယူသွားရမယ့်ပစ္စည်းတွေ၊ လိုအပ်တဲ့အချက်လက်တွေအကုန် သေချာစစ်ဆေးပြီး ကြိုတင်ပြင်ဆင်သွားဖို့ လိုအပ်ပါတယ် ။
🥰 အနားနီးမှ အလျင်စလိုပြင်ဆင်ရင်း တစ်ခုခုကျန်ခဲ့တဲ့အခါ အချိန်နှောင့်နှေး၊ စိတ်ဒုက္ခရောက်ရတာမျိုး ဖြစ်တတ်တာကြောင့် ခရီးမသွားခင် လိုအပ်တဲ့အချက်အလက်လေးတွေကို သေချာပြင်ဆင်လို့ရအောင် Knowledge Sharing အနေနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။
✨ အဓိက ဘာတွေပြင်ဆင်သွားဖို့လိုမလဲဆိုတော့ …
✅ ပြည်တွင်းဆိုရင် မဖြစ်မနေလိုအပ်တဲ့ NRC, ပြည်ပဆိုရင် (၆) လ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် PASSPORT
✅ သွားရောက်မယ့်နိုင်ငံပေါ်မူတည်ပြီး Visa/ Insurance လိုမလို
✅ Flight Tickets အသွားအပြန်
✅ Hotel Booking (အသိအိမ်မှာနေမယ်ဆိုရင်တော့ တည်းခိုမယ့်နေရာကိုပြနိုင်မယ့် ခိုင်လုံတဲ့အထောက်အထား)
✅ Registration/ Arrival Form လိုအပ်တဲ့ Singapore, Cambodia, Malaysia တို့လို နိုင်ငံမျိုးဆိုရင်တော့ Arrival Form ကို Color Print ထုတ်သွားဖို့ လိုအပ်ပါတယ်။
သွားမယ့်နိုင်ငံပေါ်မူတည်ပြီး အသေးစိတ်လိုအပ်ချက်လေးတွေ ကွာခြားနိုင်တာကြောင့် စာရွက်စာတမ်းလေးတွေကို သေချာလေး စစ်ဆေးသွားဖို့လိုအပ်ပါတယ်။
✅ Check in ဝင်ဖို့အတွက် လေယာဉ်ချိန်မတိုင်ခင် ပြည်တွင်းခရီးအတွက် (၂) နာရီ၊ ပြည်ပခရီးအတွက် (၃) နာရီလောက်စောပြီးအရောက်သွားဖို့ လိုအပ်ပါတယ်နော် ။
🤗 ဒါတွေအကုန်လုံးပြည့်စုံပြီဆိုရင်တော့ ခရီးသွားဖို့အတွက် စိတ်ပူစရာမလိုပဲ သွားရောက်ဖို့အတွက် Ready ဖြစ်နေမှာနော်။