
No Show fees ဆိုတာကတော့ Airline က သတ်မှတ်တဲ့ No show hour အတွင်းမှာ Check In မလုပ်မိရင် (သို့မဟုတ်) ကြိုတင် Cancel လုပ်ထားခြင်းမရှိတဲ့ အခါမျိုးမှာ ပေးဆောင်ရတဲ့ ဒဏ်ကြေး တစ်ခုပါပဲ။ သတ်မှတ်ထားတဲ့ အချိန်ကိုကျော်လွန်သွားတယ်ဆိုရင်တော့ မိမိဝယ်ယူထားတဲ့ Airline ပေါ်မူတည်ပြီး No Show Fees လေးတွေကိုပေးဆောင်ရမှာဖြစ်ပါတယ်။