Baggage Tag က ဘာလဲ ❓ဆိုတာကို အရင်ဆုံး ပြောပြပေးမယ်နော်!
 
ခရီးသွားဧည့်သည်တို့ ရဲ့ 🧳အိတ်ကို လုံခြုံစိတ်ချစွာနဲ့ ခရီးအဆုံးထိ သယ်ဆောင်ပေးနိုင်အောင် ခွဲခြားလို့ရမယ့် ချိတ်ဆွဲထားတဲ့ အညွှန်းစာရွက်လေးကို ခေါ်တာပါ…
အဲ့ဒီ Tag တွေထဲမှာ ဥပမာ ☑️လေယာဉ်ခရီးစဉ်နံပါတ်၊ ☑️ဆိုက်ရောက်မယ့် လေဆိပ်စတာတွေ ပါဝင်ပါတယ်.
လေဆိပ်ရဲ့ Check in Counter ရောက်တာနဲ့ ဝန်ထမ်းတွေက ဧည့်သည်တော်တို့ရဲ့ အိတ်မှာ Baggage Tag ကပ်ပေးပြီး ဧည့်သည်များကိုလည်း ပုံစံတူ baggage tag ပေးမှာဖြစ်ပါတယ်…
☺️ဒါ့ကြောင့်မို့လို့ Transit ခရီးစဉ်တွေမှာလည်း အိတ်မပျောက်ဆုံးအောင် ကာကွယ်ပေးနိုင်တဲ့ ID Card လို့တောင် ပြောလို့ရတာမို့ ခရီးစဉ်တွင်းမှာ Baggage Tag လေးမပျောက်ဖို့တော့ လိုမယ်နော်…
☺️Baggage Tag ကပ်ထားတယ်ဆိုရင် အိတ်ပျောက်ဆုံးသွားခဲ့ရင်တောင်မှ အလွယ်တကူ ပြန်ရှာတွေ့နိုင်တာကြောင့် Baggage Tag က အရေးကြီးဆုံး အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်…
🏷️Baggage Tag တွေမှာလည်း (၂) မျိုးရှိပါတယ်..
✔လေကြောင်းလိုင်းတွေက ထုတ်ပေးတဲ့ တရားဝင် Tag နဲ့ ✔ ခရီးသွားတွေ ကိုယ်တိုင် ဝယ်ယူပြီး အသုံးပြုတဲ့ ကိုယ်ပိုင် Tag တွေပဲ ဖြစ်ပါတယ်…
🤔တကယ်တော့ ရိုးရှင်းတဲ့ အညွှန်းစာရွက်လေးလိုထင်ရပေမဲ့ ခရီးထွက်တဲ့အခါ မလိုလားအပ်တဲ့ အိတ်ပျောက်တာတွေ၊ အိတ်မှားပါသွားတာတွေ မဖြစ်ရအောင် 🏷️Baggage Tag က လိုအပ်ပါတယ်နော်…
နောက်ပိုင်းတွေမှာလည်း လေကြောင်းခရီးသွားတဲ့အခါ ဧည့်သည်တော်တို့အတွက် ဆောင်ရန် ရှောင်ရန် လေးတွေကို ဗဟုသုတဖြစ်စရာ ပြောပြပေးသွားဦးမှာမို့လို့ Tori Travel Page ကို “Like” and“ Follow” လုပ်ဖို့ မမေ့ပါနဲ့နော်…🤩